SHT logo SHT Building Material Showroom Back

Aug 25, 2025

ရွှေဟင်္သာ နှင့် MAC uPVC ဝန်ထမ်းများရဲ့ Annual Staff Party

🎊 ယခုဆိုရင် ရွှေဟင်္သာနှင့် MAC uPVC စတင်တည်ထောင်ခဲ့တာ ၁၅နှစ်မြှောက် သလင်းရတု သို့ရောက်ရှိလာခဲ့ပါပြီ။ 💪 စည်းလုံးခြင်း၊ ညီညွှတ်ခြင်း၊ ကြိုးစားအားထုတ်ခြင်းတွေနဲ့အတူတကွ အခုအချိန်အထိရှိနေပေးတဲ့ ဝန်ထမ်းများကို ဘဝအမောတွေ ပြေစေရန် Annual Staff Party လေး စီစဉ်ပေးမှုမှတ်တမ်းလေးပါ... 🥰 စိတ်လက်ပေါ့ပါးစွာနဲ့ Game တွေဆော့မယ်၊ စားမယ်၊ သောက်မယ်၊ ပျော်မယ်၊ ပါးမယ်၊ ဆိုမယ်၊ ကမယ်၊ အပန်းဖြေကြတဲ့ ညီအကိုမောင်နှမတို့ရဲ့ အပျော်လေးတွေကို အားလုံးနဲ့ မျှဝေပေးလိုက်ပါတယ်ရှင့်... 🙏 ဝန်ထမ်းတွေကို မိသားစုသဖွယ် တန်ဖိုးထား လေးစားပေးတဲ့ ရွှေဟင်္သာနဲ့ MAC uPVC ရဲ့ ပဲ့ကိုင်ရှင် ဆရာနဲ့ မမကြီးတို့ မိသားစုကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင့်... 🙏 ယခုအချိန်ထိ ရပ်တည်နိုင်အောင် ချစ်ခင်အားပေးကြတဲ့ Customer များအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်... 🥰 ဧည့်သည်တော်အနေဖြင့် ပါဝင်ဆော့ကစားပေးပါသော Cele မဖြူဖြူထွေး အား ကျေးဇူးအထူးပင်တင်ရှိပါတယ်.... 09 443 100 333 09 965 447 666 ရွှေဟင်္သာအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး